■ စက်တင်ဘာ ၁ ရက်မှ ၂၂ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၌ ပေါက်ကွဲမှု ၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိ
■ ဗန်းမောက်မြို့နယ်မှာ ရွှေလုပ်ငန်း လုပ်ကိုင်နေသည့် ဒသမတန်း တက်မည့် လူငယ်သုံးဦး တောင်ကျရေနှစ် သေဆုံး
■ COVID-19 လူနာသစ် ၁၇၄၄ ဦး တွေ့ရှိပြီး ၇၇ ဦး ထပ်မံ သေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၇၃၄၃ ဦး ရှိလာ
■ အာဖဂန်အစိုးရအဖွဲ့တွင် အဖွဲ့အစည်းအားလုံး ပါဝင်စေရန် ကုလလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ လိုလား
■ မော်ရိုကိုဘက်မှ လေယာဉ်အားလုံးကို လေပိုင်နက်ထဲသို့ ဝင်ရောက်ခွင့် ပိတ်ပင်ကြောင်း အယ်ဂျီရီးယားအာဏာပိုင်များ ကြေညာ
■ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး အနားပေးခဲ့ရသည့် ကစားသမားတွေအတွက် လစာငွေ ပေါင် ၉ သန်း ပေးခဲ့ရ