တောင်ကိုရီးယား၏ ကိုရီးယားစစ်ပွဲအဆုံးသတ်ရေးတောင်းဆိုမှုသည် စောနေသည်ဟု မြောက်ကိုရီးယား ဆို
ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေးကြေညာဖို့ တောင်ကိုရီးယားနိုင်ငံရဲ့ပြောဆိုချက်ဟာ စောလွန်းနေပြီး အဲဒီလို ကြေညာလိုက်လို့ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ရန်လိုမှုရပ်တန့်သွားမယ်ဆိုတဲ့ အာမခံချက်မရှိဘူးလို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရီထယ်ဆုန်ရဲ့အဆိုကိုကိုးကားပြီး နိုင်ငံပိုင်မီဒီယာ KCNA က စက်တင်ဘာလ ၂၄ ရက်မှာ ကြေညာ လိုက်ပါတယ်။