လိုအပ်ပါက Huawei ကုမ္ပဏီကို အမေရိကန်က ထပ်ပြီးအရေးယူမည်ဟုဆို
ရီပတ်ဘလစ်ကန်အမတ်အချို့ရဲ့ဖိအားပေးမှုတွေရှိလာပြီးတဲ့နောက် လိုအပ်ပါက တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ Huawei ကို ဂျိုးဘိုင်ဒင်အစိုးရက အရေးယူမှုတွေ ထပ်လုပ်ဆောင်မယ်လို့ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး ဂျီနာ ရေမွန်ဒို က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာပြောဆိုသွားပါတယ်။