တောင်ကိုရီးယားနှင့်ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန်နှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်အသက်ဝင်နေဆဲဟု မြောက်ကိုရီးယားပြော
နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုကို အခိုင်အမာတည်ဆောက်နိုင်မယ်ဆိုရင် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေး ပွဲ ထပ်မံပြုလုပ်ဖို့အတွက် စဉ်းစားသွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ပြောကြားခဲ့ ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။