အာဖဂန်မြို့ကြီးတစ်မြို့တွင် ပြန်ပေးသမားများ၏အလောင်းများကို လူကြားထဲချိတ်ဆွဲပြသကာ အလားတူမလုပ်စေရန် တာလီဘန် အာဏာပိုင်များ သင်ခန်းစာပေး
တာလီဘန်အာဏာပိုင်တွေဟာ နိုင်ငံရဲ့အနောက်ပိုင်းမြို့ကြီးဖြစ်တဲ့ ဟဲရတ်မှာ ပြန်ပေးသမားလေးဦးကို ပစ်သတ်နိုင်ခဲ့ပြီး တခြားသူတွေ အလားတူမလုပ်ရဲအောင် သင်ခန်းစာပေးတဲ့အနေနဲ့ အဲဒီအလောင်းတွေကို လူကြားထဲမှာ ချိတ်ဆွဲထားခဲ့တယ်လို့ စက်တင်ဘာ ၂၅ ရက်မှာ ဒေသန္တရအစိုးရတာဝန်ရှိသူက ပြောကြားပါတယ်။