ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသား စုစုပေါင်း ၁၉၇ ဦး တာချီလိတ်မြို့သို့ ပြန်လည်လွှဲ ပြောင်း

ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသား စုစုပေါင်း ၁၉၇ ဦး တာချီလိတ်မြို့သို့ ပြန်လည်လွှဲ ပြောင်း
Published 26 September 2021

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား စုစုပေါင်း ၁၉၇ ဦး တာချီလိတ်မြို့သို့ ပြန်လည်လွှဲ ပြောင်း

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ဦးနဲ့ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုး မျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြစ်ဒဏ်စေ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၇ ဦး စုစုပေါင်း ၁၉၇ ဦးတို့ကို စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ကနေ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းလာပါတယ်။

Most Viewed

Most Recent