အမှတ်(၃)လမ်းမတိုးဂိတ်အကျော်တွင် ကွန်တိန်နာယာဉ်နှစ်စီး ယာဉ်မတော်တဆဖြစ်ပွား

အမှတ်(၃)လမ်းမတိုးဂိတ်အကျော်တွင် ကွန်တိန်နာယာဉ်နှစ်စီး ယာဉ်မတော်တဆဖြစ်ပွား
Published 27 September 2021

အမှတ်(၃)လမ်းမတိုးဂိတ်အကျော်တွင် ကွန်တိန်နာယာဉ်နှစ်စီး ယာဉ်မတော်တဆဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ် အမှတ်(၃)လမ်းမ တိုးဂိတ်အကျော်မှာ ရပ်ထားတဲ့ ကွန်တိန်နာယာဉ်ကို ယာဉ်ကြောတူမောင်းနှင်လာတဲ့ကွန်တိန်နာယာဉ်က နောက်မှဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ဝင်တိုက်မိခဲ့တဲ့ ကွန်တိန်နာယာဉ်မှ ယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါ ယာဉ်မောင်းရဲ့ ဇနီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။