သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် စွဲဆိုထားသည့် အမှုအတွက် အောက်တိုဘာ ၄ ရက်တွင် စွဲချက် အမိန့်ချမှတ်မည်ဟု သိရ
သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုထားတဲ့ အမှုအတွက် လာမယ့် အောက်တိုဘာ ၄ ရက် ရုံးချိန်မှာ စွဲချက်အမိန့်ချမှတ်မှာဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားတဲ့ အမှုတွေအတွက် လာမယ့် အောက်တိုဘာ ၄ ရက် ရုံးချိန်းမှာ စွဲချက်လျှောက်လဲချက် ပေးရမှာဖြစ်တယ်လို့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။