မိုးမောက်မြို့နယ် လွယ်ဂျယ်လမ်းခွဲ လွတ်လပ်ရေးကျောက်တိုင်အနီး၌ ဆိုင်ကယ်တွင် ထောင်ထားသည့် မိုင်းကွဲ
မိုးမောက်မြို့နယ် လွယ်ဂျယ်လမ်းခွဲ လွတ်လပ်ရေးကျောက်တိုင်အနီး၌ ဆိုင်ကယ်တွင် ထောင်ထားသည့် မိုင်းကွဲပြီး အနီးရှိ သုံးဘီးဆိုင်ကယ်မောင်းသူ နှင့် စစ်သားသုံးဦးဒဏ်ရာရ
ကချင်ပြည်နယ် ဗန်းမော်ခရိုက် မိုးမောက်မြို့ ကြေးနန်းရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်အနီးမှာ စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီ ခန့်က ဆိုင်ကယ်အဟောင်းတစ်စီးမှာ ထည့်ထားတဲ့ မိုင်းပေါက်ကွဲပြီး အနီးရှိ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦး နဲ့ ယာဉ်ထိန်းရဲရုံးမှာ ရှိနေတဲ့ စစ်သားများအနက် သုံးဦး ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။