ဂျပန်အာဏာရပါတီ ခေါင်းဆောင်ရွေးချယ်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ခိရှိဒ အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်သစ် ဖြစ်လာမည်
ဂျပန်အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်သစ် ရွေးချယ်ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ရာမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖုမိအို ခိရှိဒက အနိုင်ရရှိသွားခဲ့ပြီး နောက်တက်မယ့် ဝန်ကြီးချုပ် ဖြစ်လာဖို့ သေချာသလောက်နီးပါး ရှိနေတယ်လို့ သိရပါတယ်။