အာဖဂန်မှ အပြီးတိုင် မဆုတ်ခွာခင် စစ်သည် ၂၅၀၀ ချန်ထားရန် စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးက ဂျိုးဘိုင်ဒင်ကို အကြံပေးခဲ့
သြဂုတ်လတုန်းက အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ အပြီးတိုင် မဆုတ်ခွာခင် တပ်ဖွဲ့ဝင် ၂၅၀၀ ချန်ထားဖို့ သမ္မတဂျိုးဘိုင်ဒင်ကို အကြံပေးခဲ့တယ်လို့ အမေရိကန်ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးနှစ်ဦးက ကွန်ဂရက်မှာ ထွက်ဆိုခဲ့ပါတယ်။