ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် ဒူတာတေး၏ သမီးဖြစ်သူ ရေပန်းအစားဆုံး ဖြစ်နေသော်လည်း ဒုသမ္မတအဖြစ် ဝင်အရွေးခံမည့် ဒူတာတေးအပေါ် ထောက်ခံမှုကျဆင်း
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်သူဟာ လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းအစားဆုံးအဖြစ် ဆက်ရှိနေတယ်လို့ စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ လူထုစစ်တမ်းအရ သိရပြီး ဒူတာတေး ကိုယ်တိုင်ကတော့ ဒုသမ္မတလောင်း နေရာအတွက် ရေပန်းစားမှုမှာ ဒုတိယ နေရာကို ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။