စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်း သတင်းအစီအစဉ်
■ သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် စွဲဆိုထားသည့် အမှုအတွက် အောက်တိုဘာ ၄ ရက်တွင် စွဲချက် အမိန့်ချမှတ်မည်ဟုဆို
■ ယခုနှစ်အတွင်း လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်ရှိ စက်ရုံ ၃၅ ရုံ ပိတ်သိမ်းခဲ့ပြီး အလုပ်သမား နှစ်သောင်းခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့
■ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ နှစ်ဦး သေဆုံး
■ COVID-19 ကပ်ရောဂါသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း လူ့သက်တမ်းကို အဆိုးဆုံး ကျဆင်းစေခဲ့ကြောင်း သုတေသန လေ့လာတွေ့ရှိချက် တစ်ရပ်တွင် ဖော်ပြ
■ COVID-19 နှင့် ပတ်သက်၍ တစ်နှစ်အတွင်း ပုံမှန်အခြေအနေ ပြန်ဖြစ်လာနိုင်ဟု အမေရိကန် ဆေးကုမ္ပဏီ ဖိုင်ဇာစီအီးအို ခန့်မှန်း
■ အီဂျစ်တွင် လူမှုမီဒီယာပေါ်မှ ထင်ရှားသူများကို အခွန်ကောက်မည်
■ ကျောနံပါတ် (၁၀) အတွက် ဖိအားမရှိကြောင်း အန်ဆုဖာတီ ပြော