■ ဒေါ်လာဈေး၊ ရွှေဈေးကိစ္စ အပါအဝင် စီးပွားရေးကျဆင်းမှုအား မိမိတို့လက်ထက်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အကောင်းဆုံး ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
■ ပြည်တွင်း စက်သုံးဆီ အမျိုးအစားအားလုံး တစ်လီတာ ကျပ် ၁၅၀ဝ ကျော်အထိ မြင့်တက်၍ ရှစ်လအတွင်း စက်သုံးဆီ အမျိုးအစားအလိုက် ၁၀ဝ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၁၃၀ ခန့်အထိ မြင့်တက်
■ ပုဂံ - ညောင်ဦးဒေသတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသော ဟိုတယ် ၂၁ လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြု
■ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ရန် အမေရိကန်၏ ကမ်းလှမ်းမှုသည် သေးနုပ်သော လှည့်ကွက် တစ်ခုမျှသာ ဖြစ်သည်ဟု ကင်ဂျုံအွန် ပြောကြား
■ Johnson & Johnson ကာကွယ်ဆေးအထိုးခံပြီး ရက်ပိုင်းအတွင်း လူသေဆုံးမှု ဖြစ်ပွားခဲ့သဖြင့် ဆလိုဗေးနီးယားက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးခြင်းကို ရပ်ဆိုင်း
■ သုံးပွဲဆက် ဂိုးပြတ် အရေးနိမ့်ထားသော်လည်း ရာထူးအတွက် မစိုးရိမ်ဟု နူနိုဆန်တို ဆို