ပုဂံ - ညောင်ဦးဒေသတွင် သတ်မှတ်ချက်နှင့် ကိုက်ညီသော ဟိုတယ် ၂၁ လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြု
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နှင့် ပုဂံမြို့များတွင် ဖွင့်လှစ်ထားသော ဟိုတယ်များအနက် COVID -19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီသော ဟိုတယ် ၂၁ လုံးကို ပြန်လည် ဖွင့်ခွင့်ပြုထားပြီ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) မှ သိရပါတယ်။