အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ မြန်မာနိုင်ငံအတွက် အမေရိကန်နှင့် စင်ကာပူတို့က လေးလေးနက်နက် စိုးရိမ်ပူပန်မိဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ပြောကြား
■ ကျိုက္ခမီရေလယ် ဘုရားပွဲတော်ကို ကိုဗစ်သတ်မှတ်ချက်နှင့်အညီ ပျော်ရွှင်ပွဲမပါ ကျင်းပသွားမည်
■ ဘန်ကောက်နှင့်အနီး ပတ်ဝန်းကျင်ခရိုင်အသီးသီးရှိ အထောက်အထားမဲ့ အလုပ်သမားများအား စစ်ဆေးတွေ့ရှိပါက တစ်လအတွင်း အထောက်အထား ပြုလုပ်ပေးမည်ဟုဆို
■ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်ပသို့ တင်ပို့သည့်ပဲအမျိုးအစားများ ရက်ပိုင်းအတွင်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၅၀၀၀ မှ ကျပ်၂၀၀၀၀ အထိ ဈေးမြင့်တက်နေ
■ မြောက်ကိုရီးယားက လေယာဉ်ဖျက်ဒုံးကျည်အသစ်တစ်စင်း အောင်မြင်စွာ ပစ်လွှတ်
■ ဟာဝိုင်ယီရှိ ကီလော်ရီးယားမီးတောင် ပေါက်ကွဲမှုများ စတင်ဖြစ်ပွား
■ လူကာကူကို အသုံးချတတ်လျှင် ချန်ပီယံလိဂ်တွင် ချယ်လ်ဆီး နောက်တစ်ကြိမ် ဗိုလ်စွဲနိုင်ဟု ကွန်တီ သုံးသပ်
စတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။