တောင်ကြီးမြို့တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီကို ပုဂ္ဂလိကပိုင် ယာဉ်လိုင်းကြီးကြပ်မှု ကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရန် ပြင်ဆင်နေ
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဦးစီးပြီး လက်ရှိ မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများကြီးကြပ်မှု ကော်မတီ (ယကက) အဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။