ဦးဖြိုးမင်းသိန်း ထွက်ဆိုချက်အပေါ်မှန်ကန်မှုမရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ် တုံ့ပြန်

ဦးဖြိုးမင်းသိန်း ထွက်ဆိုချက်အပေါ်မှန်ကန်မှုမရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ် တုံ့ပြန်
Published 4 October 2021

အဂတိအမှုနှင့်ပါတ်သက်၍ တရားလိုပြသက်သေ ဦးဖြိုးမင်းသိန်း ထွက်ဆိုချက်အပေါ် မှန်ကန်မှုမရှိဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ကြောင်း ရှေ့နေဖြစ်သူ ပြောကြား

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒနဲ့ တရားစွဲဆိုထားတဲ့ အမှုအတွက် အရပ်သားသက်သေ (တရားလိုပြသက်သေ)အဖြစ် တရားရုံးမှာ ထွက်ဆိုချက်ပေးခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး All (အားလုံး မဟုတ်တမ်းတရားတွေ)လို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ခဲ့ကြောင်း အတိုင်ပင်ခံရဲ့ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။