သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား အောက်တိုဘာ ၁၁ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆို

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား အောက်တိုဘာ ၁၁ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆို
Published 5 October 2021

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် စွဲဆိုထားသည့် အမှုနှစ်ခု စွဲချက်တင် မတင်ကို အမိန့်အတူချရန် အောက်တိုဘာ ၁၁ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆို

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ စွဲဆိုထားတဲ့ အမှုနှစ်ခုဟာ စပ်ဆက်နေတာကြောင့် အတူအမိန့်ချဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်ကို ပြန်လည် ချိန်းဆိုထားကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။