အီသီယိုပီးယားမှ ကုလသမဂ္ဂအမှုထမ်းများ နှင်ထုတ်ခံရမှုအတွက် လုံခြုံရေးကောင်စီ အစည်းအဝေး ထပ်မံခေါ်ယူရန်
အီသီယိုပီးယားမှ ကုလသမဂ္ဂအမှုထမ်းများ နှင်ထုတ်ခံရမှုအတွက် လုံခြုံရေးကောင်စီ အစည်းအဝေး ထပ်မံခေါ်ယူရန် အဖွဲ့ဝင်နိုင်ငံများ တိုက်တွန်း
အီသီယိုပီးယားမှ ကုလသမဂ္ဂ တာဝန်ရှိသူ ခုနစ်ဦးနှင်ထုတ်ခံရမှုနဲ့ ပတ်သက်ပြီး တံခါးဖွင့်ဆွေးနွေးမှုပြုလုပ်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးထပ်မံခေါ်ယူသွားဖို့ အောက်တိုဘာ ၄ ရက်မှာ အမေရိကန်နှင့် ဥရောပနိုင်ငံငါးနိုင်ငံက တောင်းဆိုခဲ့တယ်လို့ သံတမန် သတင်းရင်း မြစ်များက AFP သတင်းဌာနသို့ ပြောကြားပါတယ်။