အငြင်းပွား တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက်သို့ တရုတ်သင်္ဘောများ ဝင်ရောက်လာခြင်းကို မလေးရှားအစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ် ကန့်ကွက်
တရုတ်သင်္ဘောများက အငြင်းပွားရေပိုင်နက်ရှိ မလေးရှား၏ ရေကြောင်း စီးပွားရေးဇုန်ထဲသို့ ဝင်ရောက်လာခဲ့ပြီးနောက် အောက်တိုဘာ ၄ ရက် နှောင်းပိုင်းတွင် မလေးရှားအစိုးရက တရုတ်သံအမတ်ကို ဆင့်ခေါ်ကန့်ကွက်ခဲ့သည်။