အာဆီယံ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိလျှင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ရနိုင်မည် မဟုတ်ကြောင်း မြန်မာအာဏာပိုင်များကို မလေးရှား သတိပေး

အာဆီယံ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိလျှင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ရနိုင်မည် မဟုတ်ကြောင်း မြန်မာအာဏာပိုင်များကို မလေးရှား သတိပေး
Published 6 October 2021

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်မည်ဆိုလျှင် ယခုလတွင် ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှ ချန်လှပ်ခံရနိုင်ကြောင်း အောက်တိုဘာ ၄ ရက်တွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာအာဏာပိုင်များကို သတိပေးခဲ့ပါတယ်။