နေပြည်တော် CID ရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ဒုတိယရဲမှူးကြီးတစ်ဦး အပါအဝင် အရာရှိလေးဦး ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှ ပေးပို့တဲ့ သက်သေခံပစ္စည်းတွေကို နေပြည်တော် CID ရုံးမှာ စစ်ဆေးစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒုတိယရဲမှူးကြီးအဆင့်ရှိသူတစ်ဦး အပါအဝင် အရာရှိလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။