မြန်မာနိုင်ငံ၏ ပထမဆုံး ကမ်းခြေစောင့်တပ် ဖွဲ့စည်းခြင်းနှင့် စစ်ရေယာဉ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်
မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ်းခြေစောင့်တပ် ဖွဲ့စည်းခြင်းနဲ့ ကမ်းခြေစောင့်တပ်ကို စစ်ရေယာဉ် လေးစင်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၆ ရက်က သီလဝါအမှတ် (၃) ဆိပ်ခံတံတားမှာ ပြုလုပ်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။