နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရန် အာဆီယံအထူးကိုယ်စားလှယ်နှင့် လက်တွဲဆောင်ရွက်ရန် နည်းလမ်းရှာဖွေနေကြောင်း PPST ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် ပြောကြား
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ်နဲ့ လက်တွဲဆောင်ရွက်ဖို့ နည်းလမ်းရှာဖွေ ညှိနှိုင်းနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)ရဲ့ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင်၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက ပြောကြားပါတယ်။