ကျိုက်ထီးရိုးစေတီတော်၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ကိုဗစ်စည်းကမ်းများနှင့် အညီ သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်မည်
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရဲ့ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနဲ့ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို လာမယ့် အောက်တိုဘာ ၂၀ ရက်(သီတင်းကျွတ်လပြည့်နေ့)မှာ COVID-19 စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ ပြုလုပ်သွားမယ်လို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။