ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ကုန်တင်ယာဉ်နှစ်စီးတိုက်မိရာမှ ယာဉ်နောက်လိုက်ဖြစ်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပဲခူူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြောက်ဘက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဇန်နဝါရီ ၂၈ ရက် နံနက်အစော ပိုင်းက နောက်တွဲပါကုန်တင်ယာဉ်နှစ်စီးတိုက်မိရာမှ ယာဉ်ပေါ် လိုက်ပါသူ ယာဉ်နောက်လိုက်အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ သွားခဲ့ပြီးနေပြည်တော်ဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရကြောင်းရေတာရှည်မြို့မ ရဲစခန်းမှသိရပါတယ် ။