အောက်တိုဘာ ၁၂ ရက် နံနက်ခင်း သတင်းအစီအစဉ်
■ ထိုင်းတောင်ပိုင်း ၁၄ ခရိုင်တွင် ထောင်ဒဏ် ကျခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၁ ဦး ပြန်လည် လွတ်မြောက်လာ
■ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာ-ဂျပန် နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၁၉၁ သန်းကျော်ရှိပြီး မြန်မာဘက်က ပို့ကုန်တင်ပို့မှု ဒေါ်လာသန်း ၈၅၀ ကျော်ဖြင့် ကုန်သွယ်မှု အသာစီးရရှိ
■ တရုတ်နိုင်ငံ ရှန်းစီးပြည်နယ်တွင် ရေလွှမ်းမှုကြောင့် လူ နှစ်သန်းနီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းရ
■ ဖိလစ်ပိုင် သတင်းသမား မာရီယာရက်ဆာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရမှုအပေါ် သမ္မတဒူတာတေး ဂုဏ်ပြု
■ အာဖဂန်နစ္စတန်ကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးမည် ဖြစ်သော်လည်း တာလီဘန်အစိုးရအဖွဲ့ကို အသိအမှတ်ပြုမည် မဟုတ်ဟု အမေရိကန်ပြော
■ နယူးကာဆယ်ကို ဆော်ဒီအိမ်ရှေ့မင်းသား ဝယ်ယူခဲ့ခြင်းအပေါ် ပရီးမီးယားလိဂ် (၁၉)သင်း ကန့်ကွက်ထား