ရန်ကုန်- ထားဝယ် ကားလမ်းမပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲခံရပြီး ကုန်တင်ကားကြီးများ ဖြတ်သန်းမရ ဖြစ်နေ
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့လမ်းခွဲအနီး ရန်ကုန်-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတား (ဒေသအခေါ် ပေ (၄၀) တံတား) မှာ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။