ရှီးအိုက်ဗလီတွင်ဖြစ်ပွားခဲ့သည့်အသေခံဗုံးခွဲတိုက်ခိုက်မှုသည်မိမိတို့လက်ချက်ဖြစ်ကြောင်းISအုပ်စုပြော
အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာမြို့ရှိ ရှီးအိုက်ဗလီတွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုသည် မိမိတို့လက်ချက်ဖြစ်ကြောင်း IS အုပ်စု ပြောကြာ
အာဖဂန်နစ္စတန်တောင်ပိုင်း၊ ကန်ဒါဟာမြို့က ရှီးအိုက်ဗလီတစ်ခုမှာ လူ ၄၁ ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ မိမိတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အုပ်စုက အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။