ရွှေကျင်းဟောင်းတစ်ခု ပြိုကျမှုဖြစ်စဉ် မိုးရွာမှုကြောင့် ရှာဖွေမှုရပ်ဆိုင်း

ရွှေကျင်းဟောင်းတစ်ခု ပြိုကျမှုဖြစ်စဉ် မိုးရွာမှုကြောင့် ရှာဖွေမှုရပ်ဆိုင်း
Published 17 October 2021

ဗန်းမောက်မြို့နယ်တွင် ရွှေကျင်းဟောင်းတစ်ခု ပြိုကျမှုဖြစ်စဉ်မှ အမျိုးသားခြောက်ဦး သုံးရက်ကြာပျောက်ဆုံး နေပြီး မိုးရွာမှုကြောင့် ရှာဖွေမှုရပ်ဆိုင်း

စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင်၊ဗန်းမောက်မြို့နယ် ၊သရက်ကိုင်းကျေးရွာ အနောက်ဘက်ဝက်ခေါက်မှော် တွင် အောက်တိုဘာ ၁၄ ရက် မနက် ၁ နာရီဝန်းကျင်ခန့်က ရွှေကျင်းဟောင်းပြိုကျရာတဲပေါ်တွင် ရှိနေသည့် အမျိုးသား ခြောက်ဦး သုံးရက်ကြာပျောက်ဆုံးနေပြီး မိုးရွာမှုကြောင့် ရှာဖွေမှုကိုရပ်နားထားရတယ်လို့ သိရပါတယ်။