စင်ကာပူခရီးစဉ်အတွက် ဝန်ကြီးချုပ်ဟောင်းနာဂျစ်၏ နိုင်ငံကူးလက်မှတ်ကို မလေးရှားရုံးတော်က ယာယီထုတ်ယူခွင့်ပြု
မီးဖွားမယ့်သမီးဖြစ်သူရှိရာ စင်ကာပူကိုသွားဖို့ နိုင်ငံကူးလက်မှတ်ယာယီထုတ်ပေးဖို့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ တောင်းဆိုချက်ကို အယူခံတရားရုံးက အောက်တိုဘာ ၁၈ ရက်မှာ သဘောတူခဲ့ပါတယ်။