ရေတာရှည်တွင် ကျောင်းအုပ်ဆရာမ၏ မိသားစုဝင်သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရေတာရှည်တွင် ကျောင်းအုပ်ဆရာမ၏ မိသားစုဝင်သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 19 October 2021

ရေတာရှည်မြို့နယ်တွင် နှစ်နှစ်အရွယ်ကလေးငယ်အပါအဝင် အလယ်တန်းကျောင်းခွဲကျောင်းအုပ်ဆရာမ၏ မိသားစုဝင်သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီဝန်းကျင်က မျက်နှာမှာ အဝတ်စည်းထားတဲ့ သေနတ်သမားတစ်ဦးက နှစ်နှစ်အရွယ်ကလေးငယ်အပါအဝင် အလယ်တန်းကျောင်းခွဲကျောင်းအုပ်ဆရာမရဲ့ မိသားစုဝင် သုံးဦးကို လာရောက်ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။