အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်းသတင်းအစီအစဉ်
■ ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းပေါ် ၄၇ လမ်းနှင့် ၄၈ လမ်းကြားရှိ KBZ ဘဏ်ဓားပြတိုက်ခံရ
■ ကျောင်းပြင်ပ ပညာရေးမှ အသက် (၁၂) နှစ်နှင့် (၁၈) နှစ်ကြား ကျောင်းသား/သူများအား Covid - 19 ကာကွယ်ဆေး ထိုးနှံပေးရန် ညွန်ကြားချက်ရှိဟုဆို
■ မြဝတီနယ်စပ်မှ ပို့ကုန်မြင့်တက်ခဲ့၍ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၉၄၃ ဒသမ ၁၆၅ သန်း ကုန်သွယ်နိုင်ခဲ့
■ သထုံမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ယာဉ်တိမ်းမှောက်ခဲ့ရာ သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး သီလရှင် (၆) ပါး အပါအဝင် ၇ ဦး ဒဏ်ရာရ
■ ထိုင်ဝမ်ကို တရုတ်ကတိုက်ခိုက်မည်ဆိုပါက ထိုင်ဝမ်ဘက်မှ ကာကွယ်ပေးသွားမည်ဟု အမေရိကန်သမ္မတဘိုင်ဒင် ပြောကြား
■ အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးတစ်ဘီလျံထိုးနှံပြီးစီး
■ လူကာကူနှင့် ဗာနာတို့ ဒဏ်ရာရပြီးနောက် ဟော်လန်းကိုခေါ်ယူရန် တူဟယ်လ် အရိပ်အမြွက်ဆို