မြန်မာ့အရေးကို ဖြေရှင်းရာတွင် အမေရိကန်အနေဖြင့် အလှည့်အပြောင်းနေရာကို ရောက်နေပြီဟု အမေရိကန် တာဝန်ရှိသူ ပြောကြား
မြန်မာနိုင်ငံအရေးကို အမေရိကန်က ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ ဆုံးဖြတ်ရာမှာ အလှည့်အပြောင်း တစ်ရပ်ကို ရောက်ရှိနေပြီး တာဝန်ရှိသူတွေရဲ့ အပြုအမူပြောင်းလဲစေဖို့အတွက် နောက်ထပ် စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဖိအားတွေပေးဖို့ ချိန်ဆနေတယ်လို့ အောက်တိုဘာ ၂၁ ရက်မှာ အမေရိကန် အကြီးတန်းတာဝန်ရှိသူက ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။