Pfizer ၏ COVID-19 ကာကွယ်ဆေးသည် ငယ်ရွယ်သော ကလေးများတွင် ထိရောက်မှုရှိ

Pfizer ၏ COVID-19 ကာကွယ်ဆေးသည် ငယ်ရွယ်သော ကလေးများတွင် ထိရောက်မှုရှိ
Published 25 October 2021

Pfizer ၏ COVID-19 ကာကွယ်ဆေးသည် ငယ်ရွယ်သော ကလေးများတွင် ထိရောက်မှုရှိကြောင်း လေ့လာတွေ့ရှိဟု FDA ထုတ်ပြန်

အမေရိကန်နိုင်ငံမှာ အသက်ငယ်ရွယ်တဲ့ ကလေးတွေကို COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးဖို့ ချင့်ချိန်စဉ်းစားနေချိန် အမေရိကန်ဆေးကုမ္ပဏီ Pfizer ရဲ့ ကလေးငယ်တွေကို ထိုးနှံပေးဖို့ သင့်လျော်တဲ့ COVID-19 ကာကွယ်ဆေး ပမာဏဟာ မူလတန်းအရွယ် ကလေးတွေမှာ ရောဂါလက္ခဏာပြ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ မဖြစ်ပွားစေရန် ထိရောက်မှု အားကောင်း စွာ ကာကွယ်ပေးနိုင်ပုံရှိပြီး မမျှော်လင့်ထားတဲ့ ဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားနိုင်ခြင်း မရှိကြောင်း ဖက်ဒရယ် ကျန်းမာရေး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တွေက အောက်တိုဘာ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။