အာဆီယံအစည်းဝေးသို့အစိုးရအဖွဲ့အကြီးအကဲသို့မဟုတ် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်ပါဝင်တက်ရောက်နိုင်ရေ

အာဆီယံအစည်းဝေးသို့အစိုးရအဖွဲ့အကြီးအကဲသို့မဟုတ် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်ပါဝင်တက်ရောက်နိုင်ရေ
Published 26 October 2021

အာဆီယံ ထိပ်သီးအစည်းဝေးသို့ နိုင်ငံအကြီးအကဲ ၊ အစိုးရအဖွဲ့ အကြီးအကဲ သို့မဟုတ် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် ပါဝင်တက်ရောက်နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း အကြောင်းပြန်ထားပြီးဖြစ်ဟု ထုတ်ပြန်

၃၈ ကြိမ်မြောက်နှင့် ၃၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ် ထိပ်သီး အစည်းအဝေးတွေကို နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမယ့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင်တက်ရောက်နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမှာ ဖြစ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းပြန်ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။