ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာနှင့် သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်တို့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေဆုံးခဲ့
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့နဲ့ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်တို့တွင် အောက်တိုဘာလ (၂၅) ရက် ညနေပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။