ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ နေအိမ် လက်ပစ်ဗုံးဖြင့် အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွား
ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ ဘုရားကြီးလမ်းအောက်ပိုင်းမှာရှိတဲ့ ပေါင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦးရဲ့ နေအိမ်ကို အောက်တိုဘာ ၂၈ ရက်မနက် ၄ နာရီခန့်က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်မှုဖြစ်ပွားပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။