စစ်ကိုင်းမြို့နယ်တွင် သံဃာ သီလရှင်နှင့် လူ ပုဂ္ဂိုလ်များ အပါအဝင် ဦးရေ ၁၉၀၀၀ ကျော်ကိုဗစ် ကာကွယ်ဆေးထိုးနှံထားပြီး သီးသန့်အနေဖြင့် အခြေခံပညာကျောင်းသားကျောင်းသူဦးရေ ၃၀၀၀ ကျော်ထိုးနှံထား
စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ကို ဒုတိယ အသုတ် ဒုတိယ အကြိမ် ၊ တတိယ အသုတ် ပထမ အကြိမ် အနေဖြင့် သံဃာ သီလရှင်နှင့် လူ ပုဂ္ဂိုလ်များ အပါအဝင် ဦးရေ ၁၉၀၀၀ ကျော်ကိုဗစ် ကာကွယ်ဆေးထိုးနှံထားပြီး သီးသန့်အနေဖြင့် အခြေခံပညာကျောင်းသားကျောင်းသူဦးရေ ၃၀၀၀ ကျော်ထိုးနှံပေးထားကြောင်း စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကျော်စွာမောင်စိုးက ပြောပါတယ်၊