တာလီဘန်အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင် ပထမဆုံးအကြိမ် လူထုမြင်ကွင်းသို့ ထွက်ပေါ်
တာလီဘန်အဖွဲ့ရဲ့ အမြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့ ဟိုင်ဘာတူလာ အက်ခန်ဇာဒါက ကန်ဒါဟာမြို့မှာ ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားခဲ့တယ်လို့ အရာရှိတွေက အောက်တိုဘာ ၃၁ ရက်မှာ ကြေညာခဲ့ပြီး ဒါဟာ တာလီဘန်အဖွဲ့ကို ခေါင်းဆောင်အဖြစ် အုပ်ချုပ်ရတဲ့ ၂၀၁၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် လူထုမြင်ကွင်းသို့ ထွက်ပေါ်လာတာဖြစ်ပါတယ်။