၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးအဆိုတစ်ခုကို NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဖို့ရှိတယ်လို့ ပြည် ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပြီး အဲ့ဒီအပေါ် လုပ်ထုံးလုပ်နည်းနဲ့ပတ်သက်ပြီး တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ကန့်ကွက်မှုအချို့ ပြုလုပ်ခဲ့ပါတယ်။ တပ်မတော်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိတယ်ဆိုတာကိုတော့ လွှတ်တော်ခေတ္တရပ်နား စဉ်မှာ မီဒီယာတွေရဲ့မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်မောင်မောင်က အခုလို ဖြေကြားခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အဆိုတင်သွင်းရန်ပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီး တပ်မတော်၏သဘောထားအပေါ် ဗိုလ်မှူးချုပ်မောင်မောင်၏ ဖြေကြားချက်