တက္ကသိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးမည်
တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းတွေကို မကြာခင်ဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်နေတာကြောင့် တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ မှတ်ပုံတင်ထားတဲ့ စာရင်းပေးသွင်းတက်ရောက်နေသူ ကျောင်းသား၊ကျောင်းသူတွေကို COVID-19 ကာကွယ်ဆေး ဦးစားပေး ထိုးနှံပေးမှာဖြစ်ပြီး အဝေးသင် ကျောင်းသား/ကျောင်းသူတွေကိုပါ ထိုးနှံပေးမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနထံက သိရပါတယ်။