အီရတ်ဝန်ကြီးချုပ်၏နေအိမ် ဒရုန်းဖြင့်တိုက်ခိုက်ခံရသော်လည်း ဝန်ကြီးချုပ်မှာ ဘေးကင်းစွာဖြင့် လွတ်မြောက်
နိုဝင်ဘာ ၇ ရက် အစောပိုင်းမှာ အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ် - ကာဒီမီရဲ့နေအိမ်ကို ဖောက်ခွဲရေးပစ္စည်းအပြည့် တင်ဆောင်ထားတဲ့ ဒရုန်းတစ်စင်းနဲ့ပစ်မှတ်ထားတိုက်ခိုက်မှုဖြစ်ပွားခဲ့ပေမယ့် ဝန်ကြီးချုပ်ကာဒီမီမှာ ဒဏ်ရာအနာတရမရှိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။