တတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်လိုအပ်ပါက ဦးစားပေး အလိုက် ဆက်လက်ထိုးနှံမည်

တတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်လိုအပ်ပါက ဦးစားပေး အလိုက် ဆက်လက်ထိုးနှံမည်
Published 7 November 2021

ကာကွယ်ဆေးလွှမ်းခြုံမှုဦးတည်အုပ်စုအလိုက် မြင့်မားစွာရရှိချိန်တွင် တတိယအကြိမ်ကာကွယ်ဆေးထိုးနှံရန်လိုအပ်ပါက ဦးစားပေး အလိုက် ဆက်လက်ထိုးနှံမည်

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု ဦးတည်အုပ်စုတွေအလိုက် မြင့်မားစွာရရှိလာတဲ့အခါ မှာ တတိယအကြိမ်ကာကွယ်ဆေး (Booster Dose) ထိုးနှံဖို့လိုအပ်ပါက ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ပြီး ဦးစားပေး အစီ အစဉ်အလိုက် လိုအပ်ချက်အရ ဆက်လက်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။