ဖိလစ်ပိုင်တွင် ဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရမှုအတွက် အဘူဆေယက် စစ်သွေးကြွများကိုချေမှုန်းရန် သမ္မတ ဒူတာတေး ညွှန်ကြား
အနည်းဆုံးလူအယောက် ၂၀ သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ရိုမန် ကက်သလစ် ဘုရားကျောင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့မှုတွေအတွက် သံသယရှိနေတဲ့ မွတ်စလင် စစ်သွေးကြွအဖွဲ့ ကိုချေမှုန်းဖို့ သမ္မတဒူတာတေးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။