■ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်အား ထောင်ဒဏ် ၇၅ နှစ်နှင့် ပြည်နယ်ဝန်ကြီးဟောင်း ဦးသန်းနိုင်အား ထောင်ဒဏ် နှစ် ၉၀ ချမှတ်
■ ၂၀၂၁ ခုနှစ် ဇူလိုင်မှ အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ပြည်တွင်းကုမ္ပဏီ ၁၃၀၀ အထိရှိ
■ COVID-19 ဓာတ်ခွဲနမူနာ ၂၄၇၈၁ ခုအား စစ်ဆေးခဲ့ရာ လူနာသစ် ၇၇၆ ဦး တွေ့ရှိပြီး သေဆုံးသူ ၁၆ ဦးရှိခဲ့
■ နယူးဇီလန်ပြည်သူ ရာပေါင်းများစွာက အစိုးရ၏ တင်းကြပ်သော ကိုရိုနာဗိုင်းရပ်စ် စည်းကမ်းများကို ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ကာ မြို့တော် ဝယ်လင်တန်တွင် လမ်းလျှောက် ချီတက်
■ ရုရှားတွင် လုပ်ငန်းခွင်များကို တစ်ပတ်ကျော်ကြာ ပိတ်သိမ်းထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်နေဆဲဖြစ်
■အာဆင်နယ်အတွက် ချန်ပီယံလိဂ်အောင်ပွဲ ရယူဖြည့်ဆည်းပေးလိုသည်ဟု ဂျို့ရှ်ကရွန်ကီ ဆို