နိုင်ငံခြားငွေ ရောင်း၊ ဝယ်လဲလှယ်ခြင်း သတ်မှတ်ချက် ထွက်ပေါ်ပြီးနောက် ဈေးကွက်အတွင်း တစ်ဒေါ်လာကျပ် ၁၇၀ ခန့် ပြုတ်ကျပြီး နိုဝင်ဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် ဈေးဖွင့်
နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလြှယ်ခင်း ဆောင်ရွက်ရာမှာ CBM Refence Rate ± ဝ.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ဖို့ ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် ဈေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၇၀ ခန့်ဈေး ပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းမှာ တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် ဈေးဖွင့်ထားကြောင်း နိုင်ငံခြားငွေလဲ ကောင်တာတွေထံမှ သိရပါတယ်။