"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း (ပန်ခမ်း)၌ တစ်မြို့လုံးကို COVID 19 စစ်ဆေးရန် ၅ ရက်ကြာ Lockdown ချမည်
ရှမ်းပြည်နယ် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း(ပန်ခမ်း)မြို့မှာ COVID 19 ရောဂါတွေ့ရှိမှုကြောင့် တစ်မြို့လုံးကို COVID-19 စစ်ဆေးဖို့ ၅ ရက်ကြာ Lockdown ချမယ်လို့ ပန်ခမ်းမြို့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ရဲ့ နိုဝင်ဘာ ၁၀ ရက်နေ့အထူးကြေညာချက်အရ သိရပါတယ်။