ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်လာသဖြင့် ဂျာမနီမြို့တော် ဘာလင်တွင် ကာကွယ်ဆေးမထိုးနှံထားသူများကို တင်းကြပ် သွားမည်
ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ခေါင်းထောင်လာတာကို ထိန်းချုပ်ဖို့ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဂျာမနီနိုင်ငံမြို့တော် ဘာလင် ဟာ နိုဝင်ဘာ ၁၅ ရက်ကနေစတင်ကာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသူတွေကို တင်းကြပ်မှုတွေလုပ်ဆောင်သွားမှာဖြစ်ရာ ၎င်းတို့ကို စားသောက်ဆိုင်းအတွင်း ညစာစားတာ၊ ဘားဆိုင်တွေ၊ ကိုယ်ကာယလေ့ကျင့်ရာနေရာတွေ၊ ဆံသသမားတွေထံ သွားတာတွေကို တားမြစ်သွားမှာဖြစ်ပါတယ်။